• အလှုရှာ

    https://www.joshuaproject.net/people_groups/11459/BM နှစ်ခုစလုံးပါတယ်။

    Continue reading →: အလှုရှာ
  • ဗဟုသုတညဏ်ရည်အမြှော်မြင်

    ဘဏ်ဓားပြတိုက်တဲ့ ဖြစ်စဉ်တစ်ခုမှာ ဓားပြကနေအော်ပြောလိုက်တယ် အားလုံး ငြိမ်ငြိမ်နေကြ. ပိုက်ဆံ ဆိုတာ အစိုးရပိုင်တာ အသက်ဆိုတာ မင်းတို့ပိုင်တာ. ဘဏ်ထဲမှာရှိတဲ့ လူတွေ အားလုံးဟာ မြန်မြန်ဆန်ဆန်ပဲ ကြမ်းပြင်ပေါ်ကို ဝပ်လိုက်ကြပါတယ်။သမားရိုးကျ ပြောမယ်ဆိုရင်တော့ ခုခံချင်တဲ့ စိတ်တွေ ဘဏ်ဝန်ထမ်းတွေမှာ ရှိပါလိမ့်မယ် ဒါပေမယ့် ဓားပြတိုက်တဲ့လူ ပြောလိုက်တဲ့ စကားကြောင့် လူတွေ မြန်မြန်ဆန်ဆန် ကြမ်းပြင်ပေါ် ဝပ်ကျသွားတယ်. ဒါကိုအတွေးအခေါ်တွေပြောင်းလဲပြစ်လိုက်တဲ့နည်းလို့ခေါ်ပါတယ်. ############### အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ကတော့ မပေါ်တပေါ် မြူဆွယ်သလို ပုံမျိုးနဲ့ စားပွဲပေါ်မှာ လှဲနေပါတယ်တဲ့။အဲဒီအချိန်မှာ ဓားပြက အဲဒီအမျိုးသမီးကို အော်ပြောလိုက်တယ်သိက္ခာရှိရှိနေစမ်းပါ. ဒါဓားပြတိုက်နေတာ မုဒိန်းကျင့်နေတာ မဟုတ်ဘူးအဲဒါကို Professional ဆန်တယ်. လို့ခေါ်ပါတယ် #ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုပဲအောင်မြင်အောင်အာရုံစိုက်တာမျိုးပေ့ါ################# နောက်တော့ ဓားပြတွေ အိမ်ပြန်ရောက်သွားကြတယ်။အဲဒီမှာ MBA ဘွဲ့ရ ဓားပြ လူငယ်တစ်ယောက်က ခြောက်တန်းပဲ အောင်တဲ့ အသက်ကြီးဆုံး ဓားပြကြီးကို ပြောတယ် အစ်ကိုကြီး ငါတို့ ပိုက်ဆံတွေ ဘယ်လောက် ရခဲ့သလဲဆိုတာ ရေတွက်ကြည့်ရအောင် အဲဒီမှာ အသက်ကြီးတဲ့ ဓားပြက ပြန်ပြောတယ်မင်းတော်တော် သောက်သုံးမကျတာပဲ ဒီလောက် ပိုက်ဆံတွေ အများကြီးကို ရေဖို့ ဘာလို့ အချိန်တွေ အများကြီး အကုန်ခံနေမှာလဲဒီည TV သတင်းကို စောင့်ကြည့်လိုက် ငါတို့ ဘဏ်ကနေ ပိုက်ဆံ ဘယ်လောက် ယူလာတယ်ဆိုတာ သတင်းမှာ ကြေငြာလိမ့်မယ် အဲဒါကိုအတွေ့အကြုံလို့ခေါ်ပါတယ် ယနေ့မျက်မှောက်ခေတ်မှာအတွေ့အကြုံဟာဘွဲ့လက်မှတ်တွေထက်ပိုပြီးအရေးကြီးပါတယ် # ဓားပြတွေဘဏ်ကနေ ဓားပြတိုက်ပြီး ပြန်သွားတဲ့ အချိန်မှာ ဘဏ်မန်နေဂျာနေ ကြီးကြပ်သူကို လှမ်းပြီး…

    Continue reading →: ဗဟုသုတညဏ်ရည်အမြှော်မြင်
  • Daai Ng’äi

    Daai Ng’äi

    Daai Khyang thü let u Daai sa kkhyange thü hlet u  Pangsiima yah peet nih kho mdek phäh  ngdüi lü Nih ktha nah kom u Do kya naak takti pangsiim noh Yah ku khai yah kpüi khai ni. Oh Daai kkhyang thü let u bä Ning yah sük hlü ni.  Daai kho mdek sen nih pyaang kom u. Daai kkhyaang he thou lo u, ngdüi lo u Khyü mhnaam noh yah kpüi khai nih pe phäh nih khüüi vai, nih ngdüi vai u.

    Continue reading →: Daai Ng’äi
  • ဆလိုင်းနှင့်မိုင်၏ အချစ်ဇတ်လမ်း

    မိုင်၏ မျက်ဝန်းများတွင် မျက်ရည်စများ ဝဲလာသည်။ “ဆလိုင်းရယ်၊ မင်းရဲ့ ရိုးသားမှုနဲ့ သစ္စာရှိမှုက ငါ့ကို ဒီတောင်တန်းတွေလို အားကိုးချင်စိတ်ပေါက်စေခဲ့တယ်။ ကျမကိုကျမ မညာတမ်း နှလုံးသားကအမှန်တိုင်း ရိုးသားစွာဝန်ခံရမယ်ဆိုရင် ငါလည်း မင်းကို ချစ်ခဲ့တယ်။ မြတ်နိုးတွယ်တာခဲ့မိတာအမှန်ပါ။ ‘ဒါပေမဲ့ ကျမဟာ မိန်းမသားမဟုတ်လား။ တို့ ’ဒိုင်ရ်လူမျိုးတို့ရဲ့ လူမှုယဉ်ကျေးမှုလည်းသိတယ်မဟုတ်လား။ မိုင်၊ ဆလိုင်းကို ချစ်ပါတယ်။ ဘယ်လောက်ဝေးဝေးသွားရပါစေ၊ ငါတို့ရဲ့ အချစ်က ဒီတောင်တန်းတွေလို ခိုင်မြဲနေမယ်။” ဆလိုင်းနှင့်မိုင်တို့၏ ရင်ခုန်မှု၊ကြည်နူးမှုတို့ကား တစ်တောလုံးတစ်တောင်လုံးမှာ ပန်းတွေပွင့်လန်းသွားသည့်အလား၊ ငှက်ကျေးတွေတေးဆိုသွားသည့်အလား တစ်လောကလုံး ကြည်နူးစရာပြည့်နှက်နေသည်။ ‘ဒီကမ္ဘာမှာ သူတို့လောက်ပျော်တာ၊ ကြည်နူးတာ သူတို့နှစ်ဦးသား ဖြစ်ပေတော့သည်။

    Continue reading →: ဆလိုင်းနှင့်မိုင်၏ အချစ်ဇတ်လမ်း
  • ချစ်ရသော ” မိုင်”

    ချစ်ရပါသော မိုင် တောင်တန်းတွေရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေကြားမှာ ဆလိုင်းရဲ့ နှလုံးသားဟာ မိုင်လေးအတွက် တဒင်္ဂမျှ ရပ်တန့်နေခဲ့ရသလိုပါပဲ။ တောင်စောင်းတောင်စွယ်တွေမှာ နူးညံ့စွာ လှုပ်ခတ်နေတဲ့ ပန်းချယ်ရီတွေ၊ သစ်ခွပန်းမျိုးစုံရဲ့ သင်းပျံ့မွှေးတဲ့ တောင်ပေါ်မြေရဲ့ အေးမြသန့်စင်မှုက မိုင်လေးရဲ့ ပြုံးရွှင်တဲ့ မျက်နှာလေးကို ဆလိုင်းရဲ့ မျက်ဝန်းထဲ ပုံဖော်ပေးခဲ့တယ်။ ဒီအလှတရားတွေဟာ မိုင်လေးရဲ့ နှလုံးသားထဲက နူးညံ့မှုနဲ့ တစ်ထပ်တည်းပါပဲ။ တောင်ကြားလေးမှာ အဆုံးမရှိ ချစ်ကြည်နူးစွာ တွဲလျက်ပျံသန်းနေတဲ့ အောက်ချင်းငှက်မောင်နှံတွေရဲ့ သစ္စာတည်မှုကို မြင်လေတိုင်း ဆလိုင်းရဲ့ နှလုံးသားထဲမှာ မိုင်လေးကို ချစ်မြတ်နိုးတဲ့စိတ်က ပိုမိုပြည့်လျှံလာခဲ့ပါတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ကြမ်းတမ်းတဲ့ မုန်တိုင်းတွေကိုမဆို အတူဖြတ်ကျော်နိုင်တယ်ဆိုတဲ့ သစ္စာတရားကို သက်သေပြသလိုပါပဲ။ ဆလိုင်းလည်း မိုင်လေးနဲ့အတူ ဒီလို ချစ်ခြင်းမေတ္တာနဲ့ ဘဝခရီးကို အတူလျှောက်လှမ်းချင်မိတယ်။ မိုင်ကသာ ကိုယ့်ကို မိုင်လေးရဲ့ဘ၀ထဲ ပြေးဝင်ခွင့်ပြုမယ်ဆိုရင်ပေါ့ . . . ။ မိုင်လေးရဲ့ နှုတ်ခမ်းထက်က အပြုံးတစ်ခုဟာ တောင်ပေါ်မြေရဲ့ နံနက်ခင်းတွေထက် ပိုလှပပြီး၊ မျက်ဝန်းထဲက ဖြူစင်မှုဟာ တောင်ထိပ်က မြူမှိုင်းတွေထက် ပိုတိမ်မြုပ်စွဲမက်စရာပါပဲ။ မိုင်လေးကို စတွေ့တဲ့အချိန်ကစလို့ ဆလိုင်းရဲ့ နှလုံးသားဟာ မိုင်လေးအတွက်ပဲ လှုပ်ရှားနေခဲ့ပါတယ်။ မိုင်လေးရဲ့ ပုံရိပ်အယောင်တိုင်းဟာ ဆလိုင်းရဲ့ ရင်ထဲမှာ ချယ်ရီပန်းတွေ ပွင့်လန်းစေပြီး၊ သစ်ခွပန်းတွေလို ရနံ့သင်းမွှေးနေခဲ့သလိုပါ။ ဒီစာလေးနဲ့အတူ ဆလိုင်းရဲ့ နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို မိုင်လေးထံ ရိုးသားစွာ ဖွင့်ဟလိုက်ပါတယ်။ မိုင်လေးရဲ့ နှလုံးသားထဲမှာ ဆလိုင်းအတွက် နေရာလေးတစ်နေရာ ဖွင့်ပေးနိုင်မလားလို့ ချစ်ခွင့်ပန်ပါရစေ။…

    Continue reading →: ချစ်ရသော ” မိုင်”

Daai Land Media : လှိုက်လှဲနွေးထွေးစွာကြိုဆိုပါတယ်။ Daai လူမျိုးများရဲ့ အကြောင်း တစ်စေ့တစ်စောင်းကို ဒီနေရာကနေ ဖော်ပြပေးမှာဖြစ်လို့ ကြိုဆိုပါတယ်။

Let’s connect

Daailand Media

Daai khyaange thü hlet u

Skip to content ↓